Posts

Showing posts from June, 2020

ရွှေဘိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ

Image
ဒေသသမိုင်းအကျဉ်း ****************** ရွှေဘိုမြို့သည် ပုဂံခေတ်က မုဆိုးဖိုရွာဖြစ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ရတနာသိင်္ဃ မြို့တော်အဖြစ်တည်ထောင်ခဲ့သည်။မြို့နှင့်အတူ (၁)မြို့တော် (၂)နန်းတော် (၃)ဗဟိုရ်စည် (၄) နတ်ကွန်း (၅)ရွှေချက်သိုစေတီတော် (၆)ကျုံးများ (၇) မဟာနန္ဒာကန်တော်တို့ကို တစ်ပြိုင်နက် တည်ဆောက်ခဲ့ပါသည်။ ရတနာ သိင်္ဃမြို့တွင် အလောင်းမင်းတရား၊ နောင်တော်ကြီးနှင့် ဆင်ဖြူရှင်မင်းတို့ နန်းစံခဲ့ပါသည်။ ရွှေဘိုကို (၁)မုဆိုးဖို (၂) ကုန်းဘောင် (၃) ရန်ကြီးအောင် (၄)ရတနာသိင်္ဃ (၅)ရွှေဘိုဟူ ငါးမည်ရမြို့တော်အဖြစ် ထင်ရှားလှပါသည်။ တည်နေရာနှင့်အကျယ်အဝန်း ************************** ရွှေဘိုမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် ( ၉၅ ဒီဂရီ ၂၉ မိနစ် ) နှင့် (၉၅ဒီဂရီ ၅၈ မိနစ် ) အကြား မြောက်လတ္တီတွဒ် ( ၂၂ ဒီဂရီ ၂၉ မိနစ်) နှင့် ( ၂၂ ဒီဂရီ ၄၀ မိနစ်) အကြားတွင်တည်ရှိပါသည်။ အရှေ့မှအနောက် သို့ (၃၃)မိုင်နှင့် တောင်မှ မြောက်သို့(၁၂)မိုင်ရှည်လျားပါသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၃၃၆.၈) ပေတွင် တည်ရှိပါသည်။ အကျယ် အ၀န်းမှာ (၂၆၃၈၀၃)ဧက ၊ (၄၁၂.၁၉) စတုရန်းမိုင် ကျယ်၀န်းပါသည်။ နယ်န...