ရွှေဘိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ


ဒေသသမိုင်းအကျဉ်း
******************
ရွှေဘိုမြို့သည် ပုဂံခေတ်က မုဆိုးဖိုရွာဖြစ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ရတနာသိင်္ဃ မြို့တော်အဖြစ်တည်ထောင်ခဲ့သည်။မြို့နှင့်အတူ (၁)မြို့တော် (၂)နန်းတော် (၃)ဗဟိုရ်စည် (၄) နတ်ကွန်း (၅)ရွှေချက်သိုစေတီတော် (၆)ကျုံးများ (၇) မဟာနန္ဒာကန်တော်တို့ကို တစ်ပြိုင်နက် တည်ဆောက်ခဲ့ပါသည်။ ရတနာ သိင်္ဃမြို့တွင် အလောင်းမင်းတရား၊ နောင်တော်ကြီးနှင့် ဆင်ဖြူရှင်မင်းတို့ နန်းစံခဲ့ပါသည်။ ရွှေဘိုကို (၁)မုဆိုးဖို (၂) ကုန်းဘောင် (၃) ရန်ကြီးအောင် (၄)ရတနာသိင်္ဃ (၅)ရွှေဘိုဟူ ငါးမည်ရမြို့တော်အဖြစ် ထင်ရှားလှပါသည်။
တည်နေရာနှင့်အကျယ်အဝန်း
**************************
ရွှေဘိုမြို့နယ်သည် အရှေ့လောင်ဂျီတွဒ် ( ၉၅ ဒီဂရီ ၂၉ မိနစ် ) နှင့် (၉၅ဒီဂရီ ၅၈ မိနစ် ) အကြား မြောက်လတ္တီတွဒ် ( ၂၂ ဒီဂရီ ၂၉ မိနစ်) နှင့် ( ၂၂ ဒီဂရီ ၄၀ မိနစ်) အကြားတွင်တည်ရှိပါသည်။ အရှေ့မှအနောက် သို့ (၃၃)မိုင်နှင့် တောင်မှ မြောက်သို့(၁၂)မိုင်ရှည်လျားပါသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၃၃၆.၈) ပေတွင် တည်ရှိပါသည်။ အကျယ် အ၀န်းမှာ (၂၆၃၈၀၃)ဧက ၊ (၄၁၂.၁၉) စတုရန်းမိုင် ကျယ်၀န်းပါသည်။

နယ်နိမိတ်
*********
ရွှေဘိုမြို့နယ်၏ အရှေ့ဘက်တွင် ဧရာ၀တီမြစ်၊ အနောက်ဘက်တွင် မူးမြစ် နှင့် ဒီပဲယင်းမြို့နယ်၊ တောင်ဘက်တွင် ၀က်လက်မြို့နယ်၊ မြောက်ဘက် တွင် ခင်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိပါသည်။
မြေမျက်နှာသွင်ပြင်
*****************
ရွှေဘိုမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် တောင်ဘက် တွင် (၃၃၇)'၊ မြောက်ဘက်တွင် (၃၈၄.၉၄)'၊ အနောက်ဘက်တွင် (၃၄၀.၇၆)' အမြင့်အသီးသီးတည်ရှိပါသည်။ မြေပြင်အနေအထားသည် မြေနိမ့်ပိုင်းချိုင့် ဝှမ်းလွင်ပြင်နှင့် ကုန်းမြင့်အနည်းငယ်ရှိပြီး မြို့၏သုံးပုံနှစ်ပုံသည် လွင်ပြင် ဖြစ်၍ ကျန်သုံးပုံ တစ်ပုံမှာ ကုန်းမြင့်ဖြစ်ပါသည်။
ရေဆင်း
*******
ရွှေဘိုမြို့သည် မြစ်ချောင်းနည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်း များသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှား သောမြစ် မှာ ဧရာ၀တီမြစ်နှင့် မူးမြစ်တို့ ဖြစ်ပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
**********************************
ရွှေဘိုမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၃၃၇') အထက်တွင် တည်ရှိပါသည်။

ရာသီဥတုနှင့်သဘာ၀ပတ်၀န်းကျင်
==========================
ရာသီဥတု
*********
ရွှေဘိုမြို့နယ်သည် အပူပိုင်းရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၄.၀)Ć နှင့် အနိမ့်ဆုံးအပူချိန် (၁၀.၀) Ć ဖြစ်ပါသည်။
သဘာ၀ပေါက်ပင်များ
*******************
ရွှေဘိုမြို့နယ်အတွင်းပေါက်ရောက်သည့် သဘာ၀ပေါက်ပင်များမှာ သစ်ရာ၊ အင်ကြင်း ၊ပျဉ်းကတိုး ၊ ကွန်ဘို ၊ နဘဲ ၊ ထောက်ကြံ့ ၊ တောခံပင် ၊ သဇင်ရိုင်း ၊ထနောင်း၊ ရှားစောင်း ၊ တမာ ၊ မန်ကျည်း ၊ ကုက္ကိုလ် ၊ ဇီး ၊ ကျားလျှာ ၊ ကန္တာရပင်များ ပေါက်ရောက်ပါသည်။
တောရိုင်းတိရစ္ဆာန်များ
********************
ရွှေဘိုမြို့နယ်တွင် တွေ့ရှိရသော တောရိုင်းတိရစ္ဆာန်များမှာ ဂျီ၊ ယုန်၊ ငုံး ၊ ခါ ၊ ဘုတ်ငှက် ၊ တောကြောင်နှင့် အခြားငှက်မျိုးစုံတို့ ရှိပါသည်။
သဘာ၀ပတ်၀န်းကျင်လက်ရှိအခြေအနေ
*************************************
ရွှေဘိုမြို့နယ်သည် ကြိုးဝိုင်း ၊ ကြိုးပြင်ကာကွယ်တောများ တည်ရှိ ခြင်း မရှိ သည့် မြို့နယ်ဖြစ်ခြင်း ၊ မြို့နယ်၏ အနောက်ဘက်တွင် စီးဆင်း လျက်ရှိသည့် မူးမြစ် နှင့် အခြားချောင်း ၊ မြောင်း ၊ အင်း ၊ အိုင်များ၏ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်စီးမှု အခြေအနေမှာ ဆိုးရွားစွာ ယိုယွင်း ပျက်စီးမှုမပါ။
သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
*******************************************
၂၀၁၈-၁၉ခုနှစ်တွင် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ အဖြစ် တစ်အိမ်ထောင်ကျွန်း(၃)ပင်နှုန်းဖြင့် ကျွန်းပင်ပေါင်း(၄၅၀) ပင်၊ ယူကလစ်တစ်အိမ်ထောင်သစ်မာ(၂၀)ပင်နှုန်းဖြင့် သစ်မာပင်ပေါင်း(၃၀၀၀) ပင်၊ ယူကလစ်+ကျွန်းစိုက်ခင်းအပင်ပေါင်း(၆၀၀)ပင်၊ ကျေးရွာသုံး ထင်း စိုက်ခင်း(၄၅)ဧကတွင် အပင်ပေါင်း(၂၄၃၀၀)ပင်၊ စုစုပေါင်း(၂၈၃၅၀)ပင် စိုက်ပျိုးနိုင်ခဲ့ပါသည်။
သဘာ၀ဘေးအန္တရာယ်ကျရောက်နိုင်မှု
***********************************
ရွှေဘိုမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသဖြင့် မုန်တိုင်း ဘေး၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊မိုးကြိုးဘေး၊ လေဘေးအန္တရာယ်များ ကျရောက်လေ့ရှိပြီး ဒေသခံပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကိုအချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာနိုင်ရေးအတွက် သတိပေးနှိုးဆော် ချက်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းတို့မှ လှည့်လည်ဆော်ဩပေးလျက်ရှိပါသည်။
လူဦးရေဆိုင်ရာအချက်အလက်များ
=========================
နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ
*********************************
ရွှေဘိုမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
၁။ ကချင် -----၈၃ ဦး
၂။ ကယား-----၁၀ ဦး
၃။ ကရင် -----၈၃ ဦး
၄။ ချင်း------၁၇၅ ဦး
၅။ မွန် ---- ၆ ဦး
၆။ ဗမာ ----- ၂၇၃၈၁၂ ဦး
၇။ ရခိုင် ----- ၅၃ ဦး
၈။ ရှမ်း ------ ၁၄၈ ဦး
မြို့နယ်ချုပ် ၂၇၄၃၇၀ ဦး
အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေ
****************************
ရွှေဘိုမြို့နယ်၏ ၂၀၁၉ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာ အောက် ပါအတိုင်း ဖြစ်ပါသည်-
(က) အိမ်ခြေ/အိမ်ထောင်စု
***************************
ရွှေဘိုမြို့နယ်တွင်မြို့ပေါ်ရှိ အိမ်ခြေ(၁၅၈၄၄)အိမ်၊အိမ်ထောင်စု(၁၆၄၇၉) စုရှိပြီး ကျေးလက်နေအိမ်ခြေ(၅၀၃၇၃)အိမ်၊ အိမ်ထောင်စု (၅၄၇၃၁)စုရှိရာ စုစုပေါင်းအိမ်ခြေ(၆၆၂၁၇)အိမ်နှင့် အိမ်ထောင်စု (၇၁၂၁၀)စု ရှိပါသည်။
(ခ) လူဦးရေ
***************
အသက်(၁၈)နှစ်အထက်
********************
မြို့ပေါ်နေ ကျား(၂၃၆၅၁) ဦး၊ မ(၂၉၁၂၄) ဦး၊ စုစုပေါင်း(၅၂၇၇၅)ဦး၊ ကျေးလက်နေ ကျား(၆၈၆၇၆)ဦး၊ မ (၈၁၆၇၂)ဦး၊ စုစုပေါင်း(၁၅၀၃၄၈)ဦး၊ မြို့နယ်အတွင်း ကျား(၉၂၃၂၇)ဦး၊ မ (၁၁၀၇၉၆)ဦး၊ စုစုပေါင်း (၂၀၃၁၂၃)ဦး
အသက်(၁၈)နှစ်အောက်
--------------------
မြို့ပေါ်နေ ကျား(၉၈၃၁) ဦး၊ မ(၉၇၃၁) ဦး၊ စုစုပေါင်း(၁၉၅၆၂)ဦး၊ ကျေးလက်နေ ကျား(၂၅၁၈၆)ဦး၊ မ (၂၆၅၃၈)ဦး၊ စုစုပေါင်း(၅၁၇၂၄)ဦး၊ မြို့နယ်အတွင်း ကျား(၃၅၀၁၇)ဦး၊ မ (၃၆၂၆၉)ဦး၊ စုစုပေါင်း (၇၁၂၈၆)ဦး
မြို့နယ်ချုပ်
----------
မြို့ပေါ်နေကျား(၃၃၄၈၂)ဦး၊ မ(၃၈၈၅၅)ဦး၊ ၊ စုစုပေါင်း(၇၂၃၃၇)ဦး၊ ကျေးလက်နေ ကျား(၉၃၈၆၂)ဦး၊ မ(၁၀၈၂၁၀)ဦး၊ စုစုပေါင်း(၂၀၂၀၇၂)ဦး၊ မြို့နယ်အတွင်းကျား(၁၂၇၃၄၄)ဦး၊ မ(၁၄၇၀၆၅)ဦး၊ စုစုပေါင်း(၂၇၄၄၀၉)ဦး
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
=============================
အုပ်ချုပ်ရေးမှူးရုံးများ
*******************
မြို့နယ်အုပ်ချုပ်ရေးမှူး(၁)ဦး၊ မြို့နယ်ရုံး(၁)ရုံး၊ မြို့ရုံး(၁)ရုံး၊ ရပ်ကွက်ရုံး(၁၄)ရုံး၊ ကျေးရွာ အုပ်စုရုံး(၇၂)ရုံး
ရွှေဘိုမြို့နယ်ရှိ ဌာနဆိုင်ရာများ
၁။ မြို့နယ်ထွေ/အုပ်ဌာန
၂။ မြို့နယ်တရားရုံး
၃။ မြို့နယ်ဥပဒေရုံး
၄။ မြို့နယ်စာရင်းစစ်ရုံး
၅။ မြန်မာနိုင်ငံရဲတပ်ဖွဲ့
၆။ မီးသတ်ဦးစီဌာန
၇။ စည်ပင်သာယာရေးအဖွဲ့
၈။ ပြန်/ဆက်
၉။ သမဝါယမဦးစီးဌာန
၁၀။ စိုက်ပျိုးရေးလုပ်ငန်း
၁၁။ မြေစာရင်းဦးစီးဌာန
၁၂။ ဆည်မြောင်း
၁၃။ စက်မှုလယ်ယာ
၁၄။ လူမှုဖူလုံရေး
၁၅။ အိုးအိမ်
၁၆။ တိ/မွေး/ကု
၁၇။ ဆက်သွယ်ရေး
၁၈။ စာတိုက်
၁၉။ မိုးလေဝသနှင့်ဇလဗေဒ
၂၀။ ပတ်ဝန်းကျင်/သစ်တော
၂၁။ မြန်မာ့လျှပ်စစ်လုပ်ငန်း
၂၂။ စိုက်/ဘဏ်
၂၃။ လဝက
၂၄။ အား/ကာ
၂၅။ ပညာရေး
၂၆။ ကျန်းမာရေး
၂၇။ ကျေးလက်ဖွံ့ဖြိုး​ရေး
၂၈။ မူကြို
၂၉။ ပြည်တွင်းအခွန်များ
၃၀။ ကုန်တင်/ကုန်ချ
၃၁။ မီးရထား
၃၂။ စီမံကိန်း
၃၃။ လမ်းဦးစီး
၃၄။ စိမ်း/စို
၃၅။ သစ်ဆိုင်
၃၆။ ကျေးလက်လမ်း
၃၇။ငါးလုပ်ငန်း
နိုင်ငံရေးပါတီများ
*****************
၁။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ
၂။ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၃။တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၄။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
ရွေးချယ်ခံရသောလွှတ်တော်ကိုယ်စားလှယ်များ
*******************************************
ပြည်သူ့လွှတ်တော်
-----------------
ဒေါက်တာအေဇင်လတ်(NLD ပါတီ)

အမျိုးသားလွှတ်တော်
-------------------
ဦးအောင်မျိုး (NLD ပါတီ)

တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)
-----------------------------------------
ဦးမိုးကျော်သူ(NLD ပါတီ)

တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)
-----------------------------------------
ဒေါက်တာမြင့်နိုင်(NLDပါတီ)

စီးပွားရေးဆိုင်ရာအချက်အလက်
=========================
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
******************************
ရွှေဘိုမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိ ပြီး စီးပွားရေး အချက်အချာကျသော မြို့နယ်(၁)မြို့နယ်ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း တစ်နှစ်ထက်တစ်နှစ် ကောင်းမွန်လျက်ရှိသော မြို့နယ် တစ်မြို့နယ်ဖြစ်ပါသည်။ မြို့နယ်အတွင်းနေထိုင်သည့် လူဦးရေ၏(၇၀%) မှာ ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေး၀မ်းကျောင်းလျက်ရှိပြီး (၃၀%)မှာ မြို့ပြဒေသတွင်နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်း၀ယ်ရေးနှင့် အသေးစား ကုန်ထုတ် လုပ်ငန်းများ ထုတ်လုပ်ခြင်းဖြင့် အသက်မွေး၀မ်းကျောင်းလျက်ရှိပါသည်။ မြို့နယ်မှ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသောသီးနှံမှာ စပါးဖြစ်ပြီး မြန်မာနိုင်ငံ အနှံအပြားနှင့် ပြည်ပစျေးကွက်ထိပါ ထိုးဖောက်၀င်ရောက်လျှက် ရှိသော ရွှေဘိုပေါ်ဆန်းစပါးမျိုးအားနှစ်စဉ်တိုးချဲ့စိုက်ပျိုးလျှက်ရှိပါသည်။ ဆန်စပါး အပြင် မြေပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ငရုတ်၊ ကြက်သွန်၊ ကြံနှင့် ဝါသီးနှံများပါ စိုက်ပျိုးထုတ်လျက်ရှိသော မြို့နယ်တစ်မြို့နယ်ဖြစ် ပါသည်။ မြို့နယ်မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များသို့ ဆက်သွယ်သွားလာရာတွင်ကုန်းလမ်းခရီးအား အဓိကထားသွားလာလျှက် ရှိပြီး ရေလမ်းခရီးသွားလာမှုအနေဖြင့် မြို့နယ်၏အနောက်ဘက် (၁၂)မိုင် ခန့်အကွာတွင်တည်ရှိသော မူးမြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာများ အချင်း ချင်းဆက်သွယ်သွားလာမှု အနည်းငယ်မျှသာရှိပြီး လေကြောင်း သွားလာမှုမရှိပါ။ ရွှေဘိုမြို့နယ်သည် မန္တလေး-မြစ်ကြီးနား မဟာဗျူဟာ လမ်းပေါ်တွင် တည်ရှိခြင်း၊ ရွှေဘို-ရေဦးလမ်းမှတဆင့် မုံရွာ-ယာကြီး-ကလေး၀လမ်းမှ အိန္ဒိယနိုင်ငံထိ ဆက်သွယ်သွားလာနိုင်ခြင်း၊ မြို့နယ် အတွင်းတည်ဆောက်လျှက်ရှိသောဧရာ၀တီမြစ်ကူး''ရတနာသိင်္ဃ''တံတား အား ဖြတ်သန်း၍ မန္တလေးတိုင်းဒေသကြီး မိုးကုတ်နှင့် အခြား မြို့နယ်များ သို့ ဆက်သွယ်သွားလာနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု အချက်အချာကျ သည့်နေရာတွင်တည်ရှိခြင်း၊ မြို့နယ်အတွင်း သဖန်းဆိပ် ဆည်ရေသောက် စနစ်ဖြစ်သော ကာဘိုးဆည်နှင့် ကင်းတပ်ဆည်တို့မှ စိုက်ပျိုးရေကို လယ် ဧကအများအပြားသောက်သုံးနိုင်ခြင်း၊ ရွှေဘိုပေါ်ဆန်းကဲ့သို့ အောင်မြင်လျက် ရှိသည့် စပါးမျိုးများအား အောင်မြင်စွာစိုက်ပျိုး ထုတ်လုပ်လျက်ရှိခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်မှု အနေဖြင့် လည်းကောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုအနေဖြင့် လည်းကောင်း၊ အလားအလာကောင်းများ ပိုင်ဆိုင်လျှက်ရှိသော မြို့နယ် တစ်မြို့နယ် ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာအခြေခံအဆောက်အဦများ
=================================
ကုမ္ပဏီ၊ကုန်စည်ဒိုင်၊ပွဲရုံများ၊ဈေးနှင့်ကုန်တိုက်များ
********************************************
ကုမ္ပဏီများ
**********
၁။ ရုပ်ပျို၊ တိုင်းရင်းဆေးဝါးနှင့် ဂျူဗီနိုင်းသောက်ရေသန့်၊ အမှတ်(၃)ရပ်ကွက်
၂။ ခေတ်သစ်ထွန်းကြက်သားပေါက်မွေးမြူထုတ်လုပ်ရေး၊ အမှတ်(၂)ရပ်ကွက်(ပင်ရင်း- စစ်ကိုင်း)
၃။ Icicle Foodရေသန့်နှင့်အရက်ပုလင်း သွင်းလုပ်ငန်း၊ အမှတ်(၆) ရပ်ကွက်
၄။ နေချိုဝိုင်ဆောက်လုပ်ရေးကုမ္ပဏီ၊ အမှတ်(၃)ရပ်ကွက်
၅။ စိန်ရွှေဟိန်းဆောက်လုပ်ရေးကုမ္ပဏီ၊ အမှတ်(၇)ရပ်ကွက်
၆။ ရွှေမိုးစံအိမ်သတ္တုတူးဖော်ရေး၊ အမှတ်(၃)ရပ်ကွက်
၇။ ပြည်ထောင်စုသားသတ္တုတူးဖော်ရေး၊ မခေါက်ကျေးရွာ
၈။ စန်းရွှေပြည်သတ္တုတူးဖော်ရေး၊ မခေါက်ကျေးရွာ
၉။ ကောင်းစံဟိန်းဆိုင်ကယ်ရောင်း/ဝယ်ရေး၊ အမှတ်(၄) ရပ်ကွက်
ကုန်စည်ဒိုင်များ
၁။ ပဲပွဲစားများကထိန် တော်အသင်း(ပဲ ၊ ပြောင်း ၊ နှမ်း၊ သကာ) အမှတ် (၈)ရပ်ကွက်
၂။ ရွှေဘိုပေါ်ဆန်း အသင်း(ဆန်၊ စပါး)အမှတ် (၄)ရပ်ကွက်
ပွဲရုံများနှင့်တည်နေရာ
********************
၁။ ပဲပွဲရုံ (ရွှေဘိုမြို့ပေါ်)
၂။ ဆန်ပွဲရုံ(ရွှေဘိုမြို့ပေါ်)
၃။ ဂျုံပွဲရုံ(ရွှေဘိုမြို့ပေါ်)
၄။ ပြောင်းပွဲရုံ(ရွှေဘိုမြို့ပေါ်)
ဈေးများနှင့်တည်နေရာ
*********************
၁။ မြို့မစျေးကြီး ၊ အမှတ်(၄/၇/၈)ရပ်ကွက်
၂။ အောင်ဇေယျစျေး၊ အမှတ်(၉)ရပ်ကွက်
၃။ ဆိပ်ခွန်စျေး၊ ဆိပ်ခွန်ကျေးရွာ
၄။ ကုန်းဘောင်စျေး၊ အမှတ်(၁၀)ရပ်ကွက်
၅။ စည်ပင်သာယာစျေး၊ အမှတ်(၂)ရပ်ကွက်(ကျောက်မြောင်းမြို့)
ဘဏ်များ
*********
၁။ မြန်မာ့စီးပွားရေးဘဏ်
၂။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
၃။ CB ဘဏ်
၄။ ကမ္ဘာ့ ရတနာ ဘဏ်
၅။ ထွန်းဖောင်ဒေးရှင်းဘဏ်
၆။ ရိုးမ ဘဏ်
၇။ ကမ္ဘောဇဘဏ်
၈။ ဧရာဝတီဘဏ်
၉။ မြန်မာ့ရှေ့ဆောင်ဘဏ်
၁၀။ မြန်မာနိုင်ငံသားများဘဏ်
၁၁။ G-Bank
စတိုးဆိုင်နှင့်အရောင်းဆိုင်များ(အရေအတွက်)
****************************************
၁။ စတိုးဆိုင်(၁၀၅) ဆိုင်
၂။ ရွှေဆိုင်(၂၇) ဆိုင်
၃။ လျှပ်စစ်ပစ္စည်းဆိုင် (၄၂) ဆိုင်
၄။ ဖုန်း/ဖုန်းပစ္စည်းအရောင်းဆိုင် (၅၂)ဆိုင်
၅။ စာအုပ်ဆိုင် (၁၁) ဆိုင်
၆။ ဆေးဆိုင် (၅၈) ဆိုင်
၇။ စားသောက်ဆိုင် (၆၇)ဆိုင်
၈။ လက်ဖက်ရည်ဆိုင် (၁၃၁)ဆိုင်
၉။ ကုန်မာဆိုင် (၄၅) ဆိုင်
၁၀။ စိုက်ပျိုးရေးပစ္စည်းဆိုင် (၅၂)ဆိုင်
၁၁။ ဆောက်လုပ်ရေးပစ္စည်းဆိုင်(၂၄)ဆိုင်
၁၂။ ဝန်ဆောင်မှုလုပ်ငန်းဆိုင် (၆၃)ဆိုင်
၁၃။ ဆန်ဆိုင် (၇၁)ဆိုင်
၁၄။ အဝတ်အထည်ဆိုင် (၅၆)ဆိုင်
၁၅။ နိဗ္ဗန်ကုန်ဆိုင် (၇)ဆိုင်
မြေအသုံးချမှု
============
၁။ အသားတင်စိုက်ပျိုးမြေဧရိယာပေါင်း (၁၉၄၄၄၁)ဧက
(က) လယ်မြေဧရိယာ (၁၁၇၂၀၀)ဧက
( ခ) ယာမြေ (၇၅၆၅၆)ဧက
( ဂ) ကိုင်း/ကျွန်းမြေ (၁၅၅၆)ဧက
( ဃ) ဥယျာဉ်မြေ (၂၉)ဧက
၂။ လှပ်ထားမြေဧရိယာပေါင်း၁၈၁၀
(က)လယ်မြေဧရိယာ၈၂၁
(ခ)ယာမြေ၉၈၉
၃။ စက်မှုလုပ်ငန်းသုံးမြေ၃၇၃
(က) မြို့မြေ၁၇၀၅
(ခ) ရွာမြေ၆၁၇၉
(ဂ) အခြားမြေ၂၆၂၅၆
၄။ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောဧရိယာ၆၈၂၉
၅။ မြေရိုင်း၁၁၇
၆။ စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ၂၆၀၉၃
ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာ
*************************************************
(က) အစိုးရဆည်များ
*********************
၁။ ကြိုးကြာဆည်(မြေသား)၊အကျိုးပြုဧက(၁၄၅၉)
ကိုယ့်အားကိုယ်ကိုးဆည်များနှင့်အကျိုးပြုဧက
*******************************************
၁။ဘိုးတော်တော(မြေသား)(၂၂၉) ဧက
၂။ယင်းမာရေလွှဲဆည်(အုတ်စီရေတံခါးတပ်)(၈၀၀) ဧက
၃။ဘိုးနိုးဆည်(သစ်ရိုက်ကျောက်ဖြည့်)(၂၀၀)ဧက
၄။ဆင်းကွတ်ကန်(မြေသားတမံ)(၄၀၀)ဧက
၅။သပြေသစ်ချိုဆည်(မြေသားတမံ)(၂၃၄)ဧက
၆။ကျီးချောင်းကွန်ဆိပ်ဆည်(ရေလွှဲဆည်)(၄၀၀)ဧက
၇။လှိုင်တွင်းခေါင်းဆည်(ရေလွှဲဆည်)(၂၄၅)ဧက
၈။အင်ဆည်ရိုးဆည်(မြေသားတမံ)(၂၄၅)ဧက
၉။ဘုန်းမခိုဆည်(မြေသားတမံ)(၂၀၀)ဧက
၁၀။တောင်တန်းဆည်(မြေသားတမံ)(၂၀၀)ဧက
၁၁။ရှားကိုင်းတော(မြေသားတမံ)(၂၀၀)ဧက
၁၂။မင်းကျောင်း(ရေဟန့်)(၂၀၀)ဧက
၁၃။ဂွေးကုန်း(ရေဟန့်)(၃၀၀)ဧက
သစ်တောများ
***********
ကြိုးဝိုင်း(ကုန်းကြီး)ထင်းသည်(၆၈၂၉.၄၄)ဧကကျယ်ဝန်းပြီးသစ်ယာ၊ အင်ကြင်း၊ အင်၊ပျဉ်းကတိုး၊နရွဲ၊မျှင်ဝါး၊ထောက်ကြံ့၊နဘဲ၊ဇီးဖြူ၊နီပဆေး၊ သန်း၊ဘိန်းနွယ်၊ ဒဟတ်၊ရုံး၊သပွတ်ကြီး၊ခပေါင်း စသည့် အပင်များ ပေါက်ရောက် သည်။
ဓာတ်အားခွဲရုံအမည်နှင့်ဖြန့်ဖြူးသည့်ဓာတ်အား(KW)
*********************************************
၁။ သူဇာခွဲရုံ (၁၂၀၀၀) KW
၂။ ညောင်ပင်သာခွဲရုံ (၆၉၀၀) KW
၃။ စက်မှုဇုန်ခွဲရုံ( ၅၀၀၀) KW
၄။ ကျောက်မြောင်း (၁၂၀၀) KW
ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း
====================================
လေကြောင်းလမ်း
****************
၁။ အမှတ်(၄၂)ခြေလျင်တပ်ရင်း(အမှတ်(၁၀)ရပ်ကွက်)
၂။ စခတ(၈)တပ်ရင်း(နမောကျေးရွာ)
ရေကြောင်းလမ်း
**************
၁။ ဧရာဝတီမြစ်ကြောင်း(ဆယ်ပင်ကျွန်း မှ မအူ အထိ)
ရထားလမ်းနှင့် ဘူတာရုံများ
*************************
၁။ မန္တလေး-မြစ်ကြီးနား
ကားဂိတ်နှင့်ပြေးဆွဲသည့်ခရီးစဉ်များ
******************************
၁။ ရန်ကြီးအောင်မန်း (ရွှေဘို-မန္တလေး-မုံရွာ-ဇီးကုန်း)
၂။ ရန်အောင်မန်း(ရွှေဘို-မန္တလေး-မုံရွာ-ကန့်ဘလူ-ကျွန်းလှ-ရေကြည်ဝ)
၃။အောင်နိုင်မန်း(ရွှေဘို-မန္တလေး-မုံရွာ-ဆိပ်ခွန်-ကျောက်မြောင်း- ညောင်ပင်သာ ရန်ကုန်)
၄။ နန်းမြင့်(ရွှေဘို-မန္တလေး)
၅။ အောင်သိင်္ခမန်း(ရွှေဘို-မန္တလေး-မုံရွာ)
၆။ ရန်အောင်ပတ္တမြား(ရွှေဘို-ရေဦး-တန်ဆည်-မုံရွာ-မိုးကုတ်)
၇။ ပတ္တမြားမြေ(ရွှေဘို-မိုးကုတ်-တန့်ဆည် -စိုင်ပြင်-အရာတော်-ဒီပဲယင်း)
၈။ ကံရာမင်း(ရွှေဘို-မုံရွာ-ပခုက္ကူ-မန္တလေး)
၉။ ရတနာသီဟ(ရွှေဘို-တန့်ဆည်-တကောင်း-မြတောင်)
၁၀။ အောင်ရတနာ(ရွှေဘို-ရေဦး-တန့်ဆည်-မန္တလေး -ရန်ကုန်)
၁၁။ ရတနာမြေ(ရွှေဘို-သပိတ်ကျင်း)
၁၂။ ရွှေဘိုမန်း(ရွှေဘို-စစ်ကိုင်း)
၁၃။ ဆားတောင်မန်း(ရွှေဘို-စစ်ကိုင်း)
၁၄။ မန်းရွှေတောင်(ရွှေဘို-စစ်ကိုင်း)
၁၅။ ဇေယျာဖြိုး(ရွှေဘို-အရာတော်-မုံရွာ)
၁၆။ဂီတဉယျာဉ်(ရွှေဘို-ဝက်လက်)
၁၇။ ရတနာသိဃ်ငြိမ်းချမ်းရေး(ရွှေဘို-ကျောက်မြောင်း-ကျောက်တန်း)
၁၈။ အောင်မြေဦး(ရွှေဘို-ခင်ဦး-ရေဦး-တန့်ဆည်)
၁၉။ ကြယ်သုံးပွင့်(ရွှေဘို-ခင်ဦး-ရေဦး-တန့်ဆည်)
၂၀။ ကြယ်တံခွန်(ရွှေဘို-ကျွန်းလှ-နေပြည်တော်)
၂၁။ ရွှေခြသေ့်(ရွှေဘို-ဆိပ်ခွန်-ရေကြည်ဝ-ဝက်လက်)
၂၂။ နယူးစိန်ဌေးလှိုင်(ရန်ကုန်-ရွှေဘို-တန့်ဆည်-ဇီးကုန်း)
၂၃။ မန္တလာရွှေပြည်(ရွှေဘို-နေပြည်တော်-ရန်ကုန်)
၂၄။ ရတနာတိုး(ရွှေဘို-မန္တလေး)
၂၅။ ရွှေစင်စင်္ကြာ(ရွှေဘို-နေပြည်တော်-ရန်ကုန်)
၂၆။ ဝင်းသစ္စာ(ရွှေဘို- ရန်ကုန်)
၂၇။ Famous(ရွှေဘို- ရန်ကုန်)
၂၈။ အောင်နိုင်မန်း(ကျောက်မြောင်း-ရွှေဘို-မန္တလေး)
၂၉။ စဉ့်ကူးမန်း(ကျောက်မြောင်း-စဉ့်ကူး-မန္တလေး)
၃၀။ အောင်ရတနာ(ကျောက်မြောင်း-ရန်ကုန်)
စိုက်ပျိုးရေးလုပ်ငန်း
===============
စိုက်ပျိုးထုတ်လုပ်သည့်အဓိက သီးနှံ(၁၀)မျိုးမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ပဲစိမ်းငုံ၊ ဝါ၊ ကြံ၊ အစေ့ထုတ်ပြောင်းတို့ဖြစ်ပါသည်။
နှစ်ရှည်သီးနှံစိုက်ပျိုးမှုဧက
************************
၁။ ငှက်ပျော(၁၄၂၂)ဧက
၂။ ထန်း(၇၈၆)ဧက
၃။ အုန်း(၂၂၁)ဧက
၄။ ကွမ်းရွက် (၄၃၀)ဧက
၅။ ကွမ်းသီး(၁၈)ဧက
၆။ သစ်သီးပင် (၁၅၅၈)ဧက
၇။ အထွေထွေစားသုံး(၄၁)ဧက
၈။ အခြားမစားသုံးပင် (၁၇၉၉) ဧက
ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု
*************************************
၁။ ဟင်းသီးဟင်းရွက် (၉၉၉၉)ဧက
၂။ ကြက်သွန်နီ (၂၂၅၉)ဧက
၃။ ကြက်သွန်ဖြူ (၂၂)ဧက
၄။ လျော်ဖြူ(၂၀၄)ဧက
မွေးမြူရေးလုပ်ငန်း
*******************
ရွှေဘိုမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း အနေဖြင့် ရွှေဘိုကြက်မွေးမြူရေးဇုန်တစ်ခုရှိပါသည် ။အဓိကမွေးမြူသည့် မွေးမြူရေးလုပ်ငန်းများမှာ ကျွဲ နွား ဝက် သိုး ဆိတ် ကြက် ဘဲတို့ကို မွေးမြူပါသည် ။ မြို့နယ်အတွင်းငါးမွေးမြူရေးလုပ်ငန်းများအနေဖြင့် ငါးမွေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိပါသည် ။
စက်မှုလက်မှုလုပ်ငန်းများ
***********************
စက်ရုံများနှင့်အမျိုးအစား
----------------------
၁။ သိင်္ဂီဆန်စက်
၂။ ဧကရာဇ်ဆန်စက်
၃။ အောင်ဇေယျဆန်စက်
၄။ တိုးတိုးဆန်စက်
၅။ အောင်စံဖြိုးဆန်စက်
၆။ ထိန်ဝင်းဆန်စက်
၇။ ရွှေသီဟဆန်စက်
၈။ ပုလဲသွယ်ဆန်စက်
၉။ ရွှေပြည်ကျော်ဆန်စက်
၁၀။ လာဘသိဒ္ဓိဆန်စက်
၁၁။ ဗိုလ်လရောင်ဆန်စက်
၁၂။ အေးမေတ္တာ(၁) ဆန်စက်
၁၃။ အေးမေတ္တာ(၂) ဆန်စက်
၁၄။ အေးမေတ္တာ(၃) ဆန်စက်
၁၅။ ရှစ်သုံးလုံးဆန်စက်
၁၆။ ရွှေသရဖူဆန်စက်
​၁၇။ ဇော်ဂျီဆန်စက်
၁၈။ ရွှေမင်းသမီးဆန်စက်
​၁၉။ မင်းမင်းထွန်းဆန်စက်
၂၀။ DHဆန်စက်
၂၁။ အောင်ဆန်စက်
၂၂။ သမ္မာဦးဆန်စက်
၂၃။ ရွှေဘိုဆန်စက်
၂၄။ မျိုးဆက်သစ်ဆန်စက်
၂၅။ ဖြိုးသိင်္ဂီဆန်စက်
၂၆။ အောင်မင်္ဂလာဆန်စက်
၂၇။ ပြည်ရွှေသိင်္ခမင်းဆန်စက်
၂၈။ စပါးနှံစံဆန်စက်
၂၉။ ရွှေသန်းထိုက်ဆန်စက်
၃၀။ ကျော်သမာဓိဆန်စက်
၃၁။ ချမ်းသာဆန်စက်
၃၂။ ကျော်ဆန်စက်
၃၃။ BTဆန်စက်
၃၄။ ကြံတိုင်းအောင်ဆန်စက်
၃၅။ ဟိန်းဓနဆန်စက်
၃၆။ ထွန်းမြင့်ဆန်စက်
၃၇။ ငါးပုံဆန်စက်
၃၈။ ရွှေမိုးအောင်ဆန်စက်
၃၉။ ကျော်လွင်ဆန်စက်
၄၀။ ရွှေမေတ္တာဆန်စက်
၄၁။ သီလဆန်စက်
၄၂။ မြသိန်းထိုက်ဆန်စက်
၄၃။ ဝင်းဆန်စက်
၄၄။ စိန်စီဝင်းဆန်စက်
၄၅။ အောင်ဇေပိုင်ဆန်စက်
၄၆။ အောင်သပြေဆန်စက်
၄၇။ ခိုင်ဖြိုးဝေဆန်စက်
၄၈။ အေးမြထွန်းဆန်စက်
၄၉။ စိုးရာဇာဆန်စက်
၅၀။ လှသူဇာဝင်းဆန်စက်
၅၁။ စိန်ဓူဝံဆန်စက်
၅၂။ ချမ်းမြေ့အောင်ဆန်စက်
၅၃။ ဟိန်းထက်အောင်ဆန်စက်
၅၄။ သန့်ဇင်အောင်ဆန်စက်
၅၅။ အောင်ချမ်းသာဆန်စက်
၅၆။ ရွှေလမင်းဆန်စက်
၅၇။ ငွေလရောင်ဆန်စက်
၅၈။ ရွှေပြည်ကျော်ဆန်စက်
၅၉။ ရွှေမိုးအောင်ဆန်စက်
၆၀။ ရွှေရည်ညွန့်ဆန်စက်
၆၁။ ဦးသန်းထူးဆန်စက်
၆၂။ စောခင်ညိုဆန်စက်
၆၃။ တော်ဝင်ဆန်စက်
၆၄။ ရွှေအိမ်မြင့်ဆန်စက်
၆၅။ လှိုင်ဝင်းအောင်ဆန်စက်
၆၆။ ဌေးရတနာဆန်စက်
၆၇။ ဦးစန်းယုဆန်စက်
၆၈။ ရေသန့်နှင့် ရေခဲစက်
၆၉။ စိုးစံရေခဲချောင်း
၇၀။ ရွှေယင်းမာရေခဲစက်
၇၁။ ရွှေစင်ရေခဲစက်
၇၂။ စိန်တောင်ပံရေခဲစက်
၇၃။ ဒေါ်လှရေခဲစက်
၇၄။ ဦးဇော်ဝင်းထွန်းရေခဲစက်
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ(အရေအတွက်)
**********************************************
၁။ ကြာဇံ၊ခေါက်ဆွဲ၊အမှုန့်ကြိတ်
၂။ ဦးတင်မောင် မုန့်တီစက်
၃။ ရွှေကိန္ဒရီဆန်ခေါက်ဆွဲစက်
၄။ စိန်စွန်ညိုကြာဇံစက်
၅။ ဦးသန်းထွန်းအမှုန့်ကြိတ်စက်
၆။ ဦးခင်မောင်အေးအမှုန့်ကြိတ်
၇။ ဘုရင်နနွင်းမှုန့်ကြိတ်
၈။ ဒေါ်လင်းလင်းဝေအမှုန့်ကြိတ်
၉။ ဒေါ်ခင်မြင့်အမှုန့်ကြိတ်
၁၀။ သီဟရာဇာဆီစက်
၁၁။ မြမြင့်မိုရ်ဆီစက်
၁၂။ မင်းမင်းကျော်ဆီစက်
၁၃။ စိန်စိုးမိုးဆီစက်
၁၄။ လှိုင်ဝင်းအောင်ဆီစက်
၁၅။ ဌေးရတနာဆီစက်
၁၆။ ကျော်စွာဆီစက်
၁၇။ ဦးအေးကို(မွေး/စာကြိတ်)
၁၈။ ဆယ်သန်းရေခဲစက်(ကျောက်မြောင်းမြို့)
မြို့နယ်ရှိအလုပ်ရုံများ
=================
၁။ ကားဝပ်ရှော့၊ ကားဘော်ဒီ၊ ကားပန်းပဲ(၁၉)
၂။ တွင်၊သံဂဟေ၊ သံရည်ကြို၊ သံပန်းတံခါး(၄၂)
၃။ သစ်နှင့်သစ် အချောထည်(၁၆)
အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ
==========================
၁။ စက်ချုပ်လုပ်ငန်း( ၉)
၂။ ပန်းတိမ်လုပ်ငန်း (၃၅၀)
၃။ ပန်းဘဲ (၁၃)
၄။ မုန့်လုပ်ငန်း (၈)
၅။ ယက္ကန်း(၂၃)
၆။ စက်ချုပ်လုပ်ငန်း(၂၀)ကျောက်မြောင်းမြို့
၇။ ပန်းတိမ်လုပ်ငန်း(၁)၊ ကျောက်မြောင်းမြို့
၈။ ပန်းဘဲ(၁)၊ ကျောက်မြောင်းမြို့
၉။ မုန့်လုပ်ငန်း(၂)၊ ကျောက်မြောင်းမြို့
၁၀။ ဆိုင်ကယ်ဝပ်ရှော့(၁၂) ကျောက်မြောင်းမြို့
၁၁။ ပရိဘောဂလုပ်ငန်း(၅) ကျောက်မြောင်းမြို့
ဓါတ်ဆီ/ဒီဇယ်အရောင်းဆိုင်
*************************
၁။ DENKO
၂။ LEO ONE
၃။ BT
၄။ သန်းထိုက်အောင်
၅။ သိင်္ဂီ
၆။ နံ့သာနိုင်
၇။ ငြိမ်းချမ်းရေး
၈။ မြတ်မေတ္တာမွန် (၁)
၉။ မြတ်မေတ္တာမွန်(၃)
၁၀။ သိန်းသန်း
၁၁။ သဇင်
၁၂။ ဇင်ဝေ
၁၃။ Three Force
၁၄။ ဦးဗိုက်ပို
၁၅။ ပြည့်ပြည့်အောင်
၁၆။ မြတ်မေတ္တာမွန် (၂)
၁၇။ အောင်ဆုမွန်(ASM)
၁၈။ ရွှေမိ
၁၉။ ရင်ခွင်ရိပ်
၂၀။ BOC
၂၁။ ဝင်းမေတ္တာ
၂၂။ ST Oil
တံတားများ
=========
ပေ(၁၈၀)အထက်တံတားများ
**************************
၁။ ရန်ကြီးအောင် တံတား(၈၄၀ပေ)သံကူကွန်ကရစ်
၂။ ရွှေဘို-ရေဦးလမ်း၇/၀-၇/၂ကြားရေကျော်(၇၂၀ပေ)ကွန်ကရစ်
၃။ ရတနာသိင်္ခတံတား (၂၄၈၀)သံမဏီသံဘောင်
ပေ(၁၈၀)အောက်တံတားများ
၁။ ရွှေဘို-မြစ်ကြီးနားလမ်းမိုင် ၁/၀ ၁/၁ကြားတံတား အမှတ် ၁/၂(က)(၅၀) ပေကွန်ကရိ
၂။ ရွှေဘို-မြစ်ကြီးနား လမ်းမိုင် ၁/၀-၁/၁ကြား တံတား အမှတ် ၁/၂(ခ)(၅၀) ပေကွန်ကရိ
၃။ ရွှေဘို-ကျောက်မြောင်း လမ်း မိုင်၆/၅-၆/၆တံတား အမှတ် ၂/၇(၇၀) ပေကွန်ကရိ
၄။ ရွှေဘို-ရေဦးလမ်းမိုင် ၃/၃ -၃/၄တံတား အမှတ်၃/၄( ၉၆ပေ)ကွန်ကရိ
၅။ ရွှေဘို-ရေဦးလမ်းမိုင်၇/၄-၇/၅တံတား အမှတ်၄/၈(၉၀) ပေကွန်ကရိ
၆။ ရွှေဘို-ရေဦးလမ်းမိုင်၁၀/၀၁၀/၁တံတားအမှတ်၁/၁၁ (ရေဆိုး)(၇၀) ပေ ကွန်ကရိ
၇။ မုံရွာ-ရွှေဘိုလမ်းမိုင်၅၅/၆-၅၅/၇တံတားအမှတ်၃/၅၆
(၆၆) ပေကွန် ကရိ
၈။ မုံရွာ-ရွှေဘိုလမ်းမိုင်၅၆/၁-၅၆/၂ တံတား အမှတ် ၂/၅၇(၅၆) ပေ ကွန်ကရိ
၉။ မုံရွာ-ရွှေဘိုလမ်း မိုင် ၅၆/၃-၅၆/၄ တံတား အမှတ် ၃/၅၇(၆၄) ပေကွန် ကရိ
၁၀။ အုန်းတော-ဘုရားပျံ-ရွှေဘိုလမ်း မိုင်၆၅/၇-၆၆/၀ကြား တံတား အမှတ်-၄/၆၆(၅၂) ပေကွန် ကရိ
၁၁။ အုန်းတော-ဘုရားပျံ -ရွှေဘို လမ်း မိုင် ၆၈/၇-၆၉/၀ ကြားတံတား အမှတ်-၈/၆၉(၅၀) ပေကွန် ကရိ
၁၂။ ရွှေဘိုမြို့‌ရှောင်လမ်း ၁/၀-၁/၁ကြား တံတား အမှတ်-၁/၂ (၇၀)ကွန်ကရိ
ဟိုတယ်နှင့်တည်းခိုခန်း
===================
ရွှေဘိုမြို့တွင် ဟိုတယ်(၂)ခုနှင့်တည်းခိုခန်းပေါင်း(၅၆)ခုရှိပါသည်။
ပညာရေးကဏ္ဍ
============
အဆင့်မြင့်ပညာ
**************
၁။ ရွှေဘိုတက္ကသိုလ်(မင်းကျောင်း)
၂။ နည်းပညာကောလိပ်(ပိတ္တော)
၃။ စိုက်သိပ္ပံ(လိပ်ချင်း)
အခြေခံပညာ
************
အထကကျောင်းများ
******************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
-----------------------------
၁။ အထက (၁) ၊အမှတ်(၉)ရပ်ကွက်
၂။ အထက (၂)အမှတ်(၁၀)ရပ်ကွက်
၃။ အထက(၃)အမှတ်(၄)ရပ်ကွက်
၄။ အထကဆင်အင်း(ဆင်အင်းကျေးရွာ)
၅။ အထက-ဆိပ်ခွန်(ဆိပ်ခွန်ကျေးရွာ)
၆။ အထက-ညောင်ပင်သာ(ညောင်ပင်သာ ကျေးရွာ)
၇။ အထက(၅)ရွှေဘိုအမှတ်(၂)ရပ်ကွက်
၈။ အထက(၄) ရွှေဘို၊ အမှတ်(၆)ရပ်ကွက်
၉။ အထက-ပလိုင်း(ပလိုင်းကျေးရွာ)
၁၀။ အထက - ကျောက်မြောင်း(ကျောက်မြောင်းမြို့)
အထက်တန်းကျောင်းခွဲများ
***************************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
........................................................
၁။ အထက(ခွဲ)-ပန်းရံ(ပန်းရံကျေးရွာ)
၂။အထက(ခွဲ) ခွန်တောင်းကြီး(ခွန်တောင်းကြီးကျေးရွာ)
၃။ အထက(ခွဲ)-(၁) ရွှေဘို(၀န်တော်အိမ်ရပ်ကွက်)
၄။ အထက(ခွဲ)- မိကျောင်းပင်(မိကျောင်းပင်ကျေးရွာ)
၅။ အထက(ခွဲ)- တအုံ(တအုံကျေးရွာ)
၆။ အထက(ခွဲ)- ဘုန်းဘွဲ့(ဘုန်းဘွဲ့ကျေးရွာ)
၇။ အထက(ခွဲ)- ကျား(မ)(ကျားရွာ(မ)ကျေးရွာ)
၈။ အထက(ခွဲ)-ချီပါ(တ)(ချီပါ(တ)ကျေးရွာ)
၉။ အထက(ခွဲ) ဇီးဖြူကုန်း(ဇီးဖြူကုန်းကျေးရွာ)
၁၀။ အထက(ခွဲ) ပိတ္တော(ပိတ္တောကျေးရွာ)
၁၁။ အထက(ခွဲ) မြင်းစီး(မြင်းစီးကျေးရွာ)
အလကကျောင်းများ
*******************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
..........................................................
၁။ အလက- ချီပါ(မ)(ချီပါ(မ)ကျေးရွာ)
၂။ အလက-ဗိုလ်တဲကုန်း(ဗိုလ်တဲကုန်းကျေးရွာ)
၃။ အလက- ပန်း​တောင်း(ပန်း​တောင်းကျေးရွာ)
၄။ အလက-တည်ပင်(န)(တည်ပင်(န)ကျေးရွာ)
၅။ အလက-ကံသာကုန်း(ကံသာကုန်းကျေးရွာ)
၆။ အလက-ညောင်ကိုင်း(ညောင်ကိုင်းကျေးရွာ)
၇။ အလက-ဇီးကုန်း(ဇီးကုန်းကျေးရွာ)
၈။ အလက- ဘုတ်ကုန်း(ဘုတ်ကုန်းကျေးရွာ)
၉။ အလက-လိပ်ချင်း(လိပ်ချင်းကျေးရွာ)
၁၀။ အလက- နှမစားရစ်(နှမစားရစ်ကျေးရွာ)
၁၁။ အလက-ဘိုးတော်တော(ဘိုးတော်တောကျေးရွာ)
၁၂။ အလက- ကော့ရွာ(ကော့ရွာကျေးရွာ)
၁၃။ အလက-သရက်ပင်ဝန်း(သရက်ပင်ဝန်းကျေးရွာ)
၁၄။ အလက-ယင်းမာ(ယင်းမာကျေးရွာ)
၁၅။ အလက-တည်ပင်(ရ)(တည်ပင်(ရ)ကျေးရွာ)
၁၆။ အလက-ဆယ်ပင်ကျွန်း(ဆယ်ပင်ကျွန်းကျေးရွာ)
၁၇။ အလက-ကုလားမ(ကုလားမကျေးရွာ)
၁၈။ အလက-အုန်းပေါက်(အုန်းပေါက်ကျေးရွာ)
၁၉။ အလက-ဂွေးပင်ကုန်း(ဂွေးပင်ကုန်းကျေးရွာ)
အလကကျောင်းခွဲများ
********************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
..........................................................
၁။ လ(ခွဲ)လေ့ကျင့်ရေး(၈)
၂။ လ(ခွဲ)နမော
၃။ လ(ခွဲ)လုံးတော်
၄။ လ(ခွဲ)မောင်းတက်
၅။ လ(ခွဲ)သီးလုံး(န)
၆။ လ(ခွဲ)အင်ကြင်းပင်
၇။ လ(ခွဲ)အောင်ချမ်းသာ
၈။ လ(ခွဲ) ကွန်ဆိပ်
၉။ လ(ခွဲ)ကြောင်လျာတော
၁၀။ လ(ခွဲ)တကန်သာ
၁၁။ လ(ခွဲ)၀န်းစည်
၁၂။ လ(ခွဲ)ရေကြည်ဝ
၁၃။ လ(ခွဲ)ရေတော်မူ
၁၄။ လ(ခွဲ)ရွာတော်
၁၅။ လ(ခွဲ)မခေါက်(ကျောက်မြောင်း)
၁၆။ လ(ခွဲ)မအူ(ကျောက်မြောင်း)
၁၇။ လ(ခွဲ) မလား(ကျောက်မြောင်း)
မူလတန်းလွန်ကျောင်းများ
=====================
(၁၅)ကျောင်းရှိပါသည်။
အမကကျောင်းများ
===============
(၁၀၅)ကျောင်းရှိပါသည်။
မူလတန်းကြိုကျောင်း
******************
၁။ ရွှေဘိုမူကြိုအမှတ်(၃)ရွှေဘိုမြို့
၂။ ရွှေဘိုမိခင်ကလေးအမှတ်(၄)ရွှေဘိုမြို့
ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ
....................................................
၁။ ခမရ(၁၁)အမှတ်(၁၀)ရွှေဘို
၂။ စခတ(၈)နမောကျေးရွာ
၃။ တထပ(၂)ပိတ္တောကျေးရွာ
၄။ ခလရ(၄၂) ၊ အမှတ်(၁၀)ရွှေဘို
၅။ ချီပါ(မ)
၆။ ပလိုင်း
၇။ ညောင်ပင်သာ
၈။ ခမရ(၁၂)(ကျောက်မြောင်း)
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
***********************************
စဉ်၊ ကျောင်းအမည်၊ တည်နေရာ
..........................................................
၁။ နမောကျောင်းတိုက်- (နမော)
၂။ ဇိနမာရ်အောင်ကျောင်းတိုက် - အမှတ်(၆)
၃။ ထူးကြီးကျောင်းတိုက်- တည်ပင်
၄။ ဂန္ဓာရုံကျောင်းတိုက် - အမှတ်(၅)
၅။ ပါဠိကာရီကျောင်းတိုက် - အမှတ်(၁၀)
၆။ စေတီလှကျောင်းတိုက်- ကြိုးကြာ
၇။ ဆိပ်ခွန်ကျောင်းတိုက်- ဆိပ်ခွန်
၈။ အုန်းပေါက်ကျောင်းတိုက်- အုန်းပေါက်(ကျောက်မြောင်း)
၉။ ရွှေကျင်ကျောင်းတိုက်- ဂွေးကုန်း(ကျောက်မြောင်း)
၁၀။ လက်ရွေးကျောင်းတိုက်- အမှတ်(၄)(ကျောက်မြောင်း)
ကျန်းမာရေးကဏ္ဍ
==============
ဆေးရုံများ
**********
စဉ်၊ဆေးရုံအမည်၊ တည်နေရာ
..............................................
၁။ ရွှေဘိုခရိုင်ဆေးရုံ-အမှတ်(၅)ရပ်ကွက်
၂။ ဆင်အင်းတိုက်နယ်ဆေးရုံ-ဆင်အင်း
၃။ ဆိပ်ခွန်တိုက်နယ်ဆေးရုံ-ဆိပ်ခွန်
၄။ ညောင်ပင်သာတိုက်နယ်ဆေးရုံ-ညောင်ပင်သာ
၅။ မေခဆေးရုံ-အမှတ်(၅)ရပ်ကွက်
၆။ အောင်မြေဆေးရုံ-အမှတ်(၅)ရပ်ကွက်
၇။ ရွှေစံပြ-အမှတ်(၂)ရပ်ကွက်
၈။ ကျောက်မြောင်းတိုက်နယ်ဆေးရုံ- ကျောက်မြောင်းမြို့
ဆေးပေးခန်းများ
**************
စဉ်၊ဆေးရုံအမည်၊ တည်နေရာ၊ ကုသသည့်ရောဂါ
..........................................................................
၁။ ဒေါက်တာမြင့်ထွေး၊ အမှတ်(၅)၊ အထူးကု
၂။ ဒေါက်တာနှင်းသက်အောင်၊ ကျောက်မြောင်း၊ အထွေထွေ
၃။ ဒေါက်တာအောင်ရဲထွဋ်၊ ကျောက်မြောင်း၊ အထွေထွေ
၄။ ဒေါက်တာအိုကေ၊ အမှတ်(၄)၊ အထွေထွေ
၅။ ဒေါက်တာမြသိန်း(မြသိဂီ)၊ အမှတ်(၂)၊အထွေထွေ
၆။ ဒေါက်တာခင်မောင်လင်း၊ အမှတ်(၆)၊ အထွေထွေ
၇။ ဒေါက်တာပန်းလှိုင်ရွေး၊ ပလိုင်းရွာ ၊အထွေထွေ
၈။ ဒေါက်တာသီတာ၀င်း ၊အမှတ်(၇)၊ အထွေထွေ
၉။ ဒေါက်တာကြည်ဆွေ၊ အမှတ်(၅)၊ အထွေထွေ
၁၀။ ဒေါက်တာကျော်ဌေး၊ အမှတ်(၃)၊အထွေထွေ
၁၁။ ဒေါက်တာမျိုး၀င်း၊ ညောင်ပင်သာ၊ အထွေထွေ
၁၂။ ဒေါက်တာမောင်မောင်အေး၊ အမှတ်(၃)၊ အထွေထွေ
၁၃။ ဒေါက်တာဝင်းအောင်၊ အမှတ်(၅)၊ အထွေထွေ
၁၄။ ဒေါက်တာကျော်ဝင်း၊ အမှတ်(၅)၊ အထွေထွေ
၁၅။ ဒေါက်တာအောင်သန်း(မြတ်မွန်)၊ အမှတ်(၂)၊ အထွေထွေ
၁၆။ ဒေါက်တာနေဝင်း၊ အမှတ်(၃)၊ အထွေထွေ
၁၇။ ဒေါက်တာအောင်ဆန်းလင်း၊ အမှတ်(၈) ၊အထွေထွေ
၁၈။ ဒေါက်တာစွမ်းဆောင်၊ ဆိပ်ခွန်၊ အထွေထွေ
၁၉။ ဒေါက်တာမောင်မောင်စိုး၊ အမှတ်(၃)၊ အထွေထွေ
၂၀။ ဒေါက်တာမာလာတင်၊ အမှတ်(၇)၊ အထူးကု
၂၁။ ဒေါက်တာအေးအေးမြင့်၊ အမှတ်(၅)၊ အထူးကု
၂၂။ ဒေါက်တာမြင့်မြင့်ခင်၊ အမှတ်(၅)၊ အထွေထွေ
၂၃။ ဒေါက်တာသန်းသန်းစိမ်း(အောင်သိဒ္ဓိရပ်၊ အမှတ်(၅)၊ အထွေထွေ
၂၄။ ဒေါက်တာ၀င်းမာကြည်၊ အမှတ်(၅)၊ အထူးကု
၂၅။ Drမြင့်အောင်(မေတ္တာကြယ်စင်)အမှတ်(၂)၊ အထွေထွေ
၂၆။ ဒေါက်တာကျော်ဆန်းမင်း၊ အမှတ်(၅)၊ အထူးကု
၂၇။ ဦးသိန်းတန်(ဇိဝိတဒါန)၊ အမှတ်(၉)၊ အထွေထွေ
၂၈။ ဒေါက်တာအေးမင်းအောင်၊ အမှတ်(၅)၊ အထူးကု
၂၉။ ဒေါက်တာမီမီခင်၊ အမှတ်(၅)၊ အထူးကု
၃၀။ ဒေါက်တာဝါဝါလွင်၊ အမှတ်(၂)၊ အထူးကု
၃၁။ ဒေါက်တာမိုးလွင်၊ အမှတ်(၆)၊ အထူးကု
၃၂။ ဒေါက်တာရွှေမိုးမိုး(တော်ဝင်)၊ အမှတ်(၅)၊ အထူးကု
၃၃။ ဒေါက်တာခင်မောင်ထွန်း၊ အမှတ်(၂)၊ အထွေထွေ
၃၄။ ဒေါက်တာမောင်မောင်အေး၊ အမှတ်(၂)၊ အထွေထွေ
၃၅။ ဒေါက်တာခိုင်ဦးမောင်၊ အမှတ်(၁၀)၊ အထွေထွေ
၃၆။ ဒေါက်တာဝင်းလဲ့လဲ့ထွေး၊ အမှတ်(၇)၊ အထွေထွေ
၃၇။ ဒေါက်တာမြင့်သိန်း၊ အမှတ်(၂) ၊ အထွေထွေ
၃၈။ ဦး​အောင်ခင် (ရဲမာန်)၊ အမှတ်(၅)၊ ရောဂါရှာဖွေ
၃၉။ ဦးကျော်မိုး၊ အမှတ်(၅)၊ ရောဂါရှာဖွေ
၄၀။ ဒေါ်ထိုက်ထိုက်သန်း၊ အမှတ်(၅)၊ ရောဂါရှာဖွေ
၄၁။ ဒေါ်ကျော့ကေသီ၊ အမှတ်(၅)၊ ရောဂါရှာဖွေ
၄၂။ ဒေါက်တာရွှေမိုးမိုး(တော်ဝင်) ၊အမှတ်(၅)၊ ရောဂါရှာဖွေ
၄၃။ ဦးလင်းလင်းစိုး၊ ဆိပ်ခွန်၊ ရောဂါရှာဖွေ

ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ
******************************
စဉ်၊ ကျေးလက်ကျန်းမာရေးဌာနအမည်
............................................................
၁။ ဆင်အင်း (RHC) ကျေးလက်ကျန်းမာရေးဌာန
၂။ ဆိပ်ခွန် (RHC) ကျေးလက်ကျန်းမာရေးဌာန
၃။ ညောင်ပင်သာ (RHC) ကျေးလက်ကျန်းမာရေးဌာန
၄။ ပိတ္တော(RHC) ကျေးလက်ကျန်းမာရေးဌာန
၅။ သီးလုံး(RHC) ကျေးလက်ကျန်းမာရေးဌာန
၆။ တကန်သာ (RHC) ကျေးလက်ကျန်းမာရေးဌာန
၇။ ပလိုင်း (RHC) ကျေးလက်ကျန်းမာရေးဌာန
၈။ စည်သာ (RHC) ကျေးလက်ကျန်းမာရေးဌာန
၉။ ကျောက်မြောင်း(RHC) ကျေးလက်ကျန်းမာရေးဌာန
စဉ်၊ ကျေးလက်ကျန်းမာရေးဌာနခွဲအမည်
............................................................
၁။ ညောင်ကိုင်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂။ အင်ကြင်းပင် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃။ မြင်းစီး (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၄။ တည်ပင် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၅။ ချီပါ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၆။ ဘိုတဲကုန်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၇။ ရေကြည်၀ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၈။ လိပ်ချင်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၉။ ခွန်တောင်းကြီး (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၀။ ကျားရွာ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၁။ ကံသာကုန်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၂။ သရက်ပင်၀န်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၃။ ဆင်းကွတ် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၄။ ဘိုးတော်တော (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၅။ တအုံ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၆။ ကော့ရွာ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၇။ တင့်တယ် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၈။ မြင်းချင်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၁၉။ ဇီးဖြူကုန်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၀။ ကုန်းသာ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၁။ နှမစားရစ် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၂။ ရွာဆိုး (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၃။ တံခွန်တိုင် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၄။ ပန်းတောင်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၅။ ယင်းမာ (Main) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၆။ သစ်ချိုပင် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၇။ ကံကြီးတော (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၈။ ၀န်းစည် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၂၉။ လုံးတော် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၀။ အောင်ချမ်းသာ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၁။ ဇီးတော (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၂။ ပိတောက်ခေါင်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၃။ ရွာမိဿာ (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၄။ ကြက်တက် (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၅။ ထနောင်း၀န်း (S/C) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၆။ အုန်းပေါက် (S/C)(ကျောက်မြောင်း) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၇။ ဆယ်ပင်ကျွန်း (S/C) (ကျောက်မြောင်း) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၈။ မခေါက် (S/C) (ကျောက်မြောင်း) ကျေးလက်ကျန်းမာရေးဌာနခွဲ
၃၉။ မအူ (S/C) (ကျောက်မြောင်း) ကျေးလက်ကျန်းမာရေးဌာနခွဲ
၄၀။ နွယ်ငြိမ်း (S/C) (ကျောက်မြောင်း) ကျေးလက်ကျန်းမာရေးဌာနခွဲ
ဒေသတွင်းအများဆုံးဖြစ်တက်သောရောဂါများ
******************************************
ငှက်ဖျား၊ ဝမ်း လျှော၊ တီဘီ ၊ ဝမ်းကိုက်၊ အသည်းရောင်
ဘာသာရေးဆိုင်ရာအချက်အလက်များ
=============================
ဗုဒ္ဓဘာသာဆိုင်ရာသာသနိကအဆောက်အဦများ
********************************************
ထင်ရှားသည့်ဘုရား၊စေတီနှင့်ပုထိုးများ
**********************************
၁။ မြို့ထောင့်စေတီတော်၊ အမှတ်(၁)ရပ်ကွက်၊
၂။ ဖောင်တော်ဦး၊ အမှတ်(၂)ရပ်ကွက်၊
၃။ ရွှေသိမ်တော်၊ အမှတ်(၃)ရပ်ကွက်၊
၄။ ရွှေချက်သို၊ အမှတ်(၄)ရပ်ကွက်၊
၅။ အောင်မြေ၊ အမှတ်(၇)ရပ်ကွက်၊
၆။ ချမ်းသာကြီးချမ်းသာရ၊ အမှတ်(၆)ရပ်ကွက်၊
၇။ နေရဘန်၊ အမှတ်(၇)ရပ်ကွက်၊
၈။ ဇမ္ဗူဆီမီး၊ အမှတ်(၇)ရပ်ကွက်၊
၉။ ရွှေတန်ဆာ၊ အမှတ်(၇)ရပ်ကွက်၊
၁၀။ ရွှေပေါ်ကျွန်း၊ အမှတ်(၅)ရပ်ကွက်၊
သမိုင်း၀င်ထင်ရှားသော အဆောက်အဦနှင့် နေရာများ
**********************************************
၁။ ရွှေဘုံရတနာ မင်္ဂလာနန်းတော်(အမှတ်(၄)ရပ်ကွက်)
ထင်ရှားသည့်ဘုန်းတော်ကြီးကျောင်းများ
************************************
၁။ ပုခန်းကျောင်းတိုက်၊ ဘဒ္ဒန္တဝိမလာဘိဝံသ၊ အမှတ်(၂)ရပ်ကွက်
၂။ အောင်မြေကျောင်းတိုက်၊ ဘဒ္ဒန္တအဂ္ဂဓမ္မ၊ အမှတ်(၇)ရပ်ကွက်
၃။ အင်ကြင်းပင်ကျောင်းတိုက်၊ ဘဒ္ဒန္တကုမ္တလ၊ ဆိပ်ခွန်ကျေးရွာ
၄။ ဓမ္မရက္ခိတလက်ရွေး ကျောင်းကြီး၊ ဦးဇောတိက၊ အမှတ်(၄)ရပ်ကွက်၊
ကျောက်မြောင်းမြို့။
၅။ ရွှေနုံးတိုးကျောင်း၊ ဦးစန္ဒိမာ၊ အမှတ်(၂)ရပ်ကွက်၊ ကျောက်မြောင်းမြို့။
အခြားဘာသာရေးဆိုင်ရာအဆောက်အဦများ
**************************************
ခရစ်ယာန်ဘာသာ(ဘုရားကျောင်း)
...................................................
မြို့ပေါ်(၃)ကျောင်း
ကျေးလက်(၃)ကျောင်း
အစ္စလာမ်ဘာသာ(ဗလီ)
....................................
မြို့ပေါ်(၆)ကျောင်း
ကျေးလက်(၂)ကျောင်း
ကျောက်မြောင်းမြို့(၁)ကျောင်း
တရုတ်ဘုရားကျောင်း
................................
မြို့ပေါ်(၁)ကျောင်း
ဟိန္နူဘုရားကျောင်း
..............................
မြို့ပေါ်(၅)ကျောင်း

ဒေသရှိထူးခြားထင်ရှားသည့်အကြောင်းအရာများ
******************
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မြဲဖြစ်ပါသည်။မဟာသင်္ကြန်ပွဲတော်တွင်ရွှေဘိုမြို့နယ်၌ထူးခြားစွာဆောင်ရွက်သော ထုံးတမ်းဓလေ့
အစဉ်အလာတစ်ခုရှိပါသည်။၎င်းမှာသင်္ကြန်ကာလအတွင်းတွင်မနက်ခင်းအာရုံတက်ချိန်၌မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်တစ်ခုချင်းစီအလိုက်မော်တော်ယာဉ်များအားဆေးရေးပန်းချီများအလှဆင်၍အတီးအမှုတ်အဆိုအကများဖြင့် ရွှေပေါ်မြို့ပေါ်ရှိတန်ခိုးကြီးဘုရားများအားရေကြည်တော်ကပ်လှူပူဇော်သည့်အလေ့အထပင်ဖြစ်ပါသည် ရေကြည်တော်ကပ်လှူရာတွင်လည်းတစ်ရပ်ကွက်နှင့်တစ်ရပ်ကွက်အပြိုင်အဆိုင်ဆောင်ရွက်လေ့ရှိပြီးနံနက်၃နာရီအချိန်မှစ၍ ရပ်ကွက်အတွင်းရှိလူငယ်များမှတစ်လမ်းဝင်တစ်လမ်းထွက်ရေကြည်တော်ကပ်လိုက်ပါမည့်သူများထကြပါဗျို့ဟု ဆိုကာနှိုးဆော်သည့် အသံများမှာလည်း ကြည်နှုးဖွယ်ဖြစ်ပါသည်။ရွှေဘိုမြို့မဟာသင်္ကြန်ပွဲတော်အတွင်းနံနက်အာရုံရေကြည်တော်ကပ်လှူအပြီးတွင်လူငယ်မောင်မယ်များသည် ရေကစားမဏ္ဉပ်များသို့သွားရောက်ကာရေပက်ကစားကြပါသည်။ရေပက်ပြီးအချိန်ညနေ ၆နာရီတွင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဉပ်၌အဆိုပါရေကြည်တော်ကပ်အဖွဲ့များမှ ညအကအလှများဖြင့် ရပ်ကွက်အလိုက် အကအလှများကို ပြိုင်ဆိုင်ကပြကြသည်မှာလည်း ကြည်နှုးစရာဓလေ့ပင်ဖြစ်ပါသည်။
အလောင်းမင်းတရားကြီးသည်ဟံသာဝတီနေပြည်တော်၌ရှိစဉ် ရွှေဓေါ်ကြာဘုရားကိုအလွန်ကြည်ညိုလှသဖြင့်ဖူးမြော်ပြီး ရတနာသိင်္ဃမြို့သို့ ပြန်ရောက်၍ ဒုတိယအကြိမ် မြို့တော်ကို တည်ထောင်သောအခါ ရွှေမော်ဓေါဘုရားကိုမြင်သာအောင် ၎င်းစေတီအတိုင်း စေတီတော်တစ်ဆူတည်ရန်ဆန္ဒရှိသည့်အတိုင်း ၁၁၁၉ ခုနှစ်တွင် မြို့အရှေ့မြောက်ထောင့်ရှိ ဣန္ဒသာလကုန်းမြေပေါ်တွင် မော်ဓေါမြင်သာ စေတီတော်ကို တည်ထားကိုးကွယ်တော်မူခဲ့ပြီး ဘုရား၏ ဉာဏ်တော်အမြင့်မှာ ၇၆တောင်နှင့်တစ်ထွာရှိပါသည် ။ မော်ဓေါမြင်သာဘုရားတည်ထားသည့်ကုန်းမြေသည် ရွှေဘိုမြို့ရှိ အောင်မြေကိုးဌာနအနက် ရန်အောင်မြေ နေရာဖြစ်ပါသည်။မော်ဓေါမြင်သာဘုရားဗုဒ္ဓပူဇနိယ ပွဲတော်ကြီးသည်သမိုင်းဝင်ပွဲတော်ကြီးဖြစ်သည့်အပြင် ပွဲတော်ကျင်းပရာတွင်အနီးရှိ ဖောင်တော်ဦးဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် တစ်ဆက်တည်းကျင်းပလေ့ရှိရာ နှစ်ရာ့ငါးကြိမ်မြောက်တွင်လှေပြိုင်ပွဲထည့်သွင်းကျင်းခဲ့ပါသည် ။အဆိုပါလှေပြိုင်ပွဲတော်သည်အနီးရှိ မြို့နယ်များမှ လှေပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ကြပြီးရေခင်းသဘင်များနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည် ။ ဘုရားပွဲတော်တွင် ဘုရားပွဲစျေးတန်းတစ်လျောက်အနယ်နယ်အရပ်ရပ်မှ စျေးသည်များမှ ဒေသထွက်ကုန်ပစ္စည်းများလာရောက်ရောင်းချသည့်အတွက် ဘုရားပွဲတော်လာပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ကုန်စည်ဖလှယ်သည့်ပွဲတော်တစ်ခုလည်းဖြစ်ပါသည် ။
ဘုံမဟာကထိန်ပွဲတော်သည် ရွှေဘိုမြို့၏အထင်ကရ ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်မြို့လုံးမှ စုပေါင်း၍ ဘုံမဟာကထိန်ခင်းခြင်း ဆွမ်းလောင်းခြင်းများကို မြို့သူမြို့သားများမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ပြီး ကထိန်ခင်းရာတွင်လည်း ဌာနဆိုင်ရာများ မြို့ပေါ်အခြေခံပညာကျောင်းများ ရပ်ကွက်နေပြည်သူများမှ ပဒေသာပင်များအား အောင်ဇေယျာလမ်းမတစ်လျှောက်တွင်တန်ဆောင််မုန်းလဆန်း၁၀ရက်နေ့မှ ၁၄ရက်နေ့အထိ ခင်းကျင်းပြသထားပါသည် ။ နှစ်စဉ်ကထိန်ပွဲတော်ဥတ်မကြီးကထိန်ခင်းရန် ကျောင်းတိုက်အား သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ညတွင် ပင်မကထိန်ကော်မတီမှ ရွှေဘိုမြို့ပေါ် ရှိ ကျောင်းတိုက်များအားမဲနှိုက်ရွေးချယ်ခဲ့ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ပဒေသာပင်များ လှူဖွယ်ပစ္စည်းများကို မဲကျရာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ပါသည် ။ ကျန်ရှိသည့် မိုးပေါ်ကျပဒေသာပင်များကိုဥတ်မကြီးမဲကျသည့် ကျောင်းမှလွဲ၍ ကျောင်းတိုက်အလိုက် သံဃာတစ်ပါးချင်းအလိုက် လှူဒါန်းပြီး ကထိန်ပွဲတော်တွင်လည်း ဇာတ်ပွဲများ အငြိမ့်ပွဲများ တီးဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည် ။
ငါးပြည်ရပြည်ရွှေဘိုမြို့၏သမိုင်းဝင်အထင်ကရ အောင်မြေ (၉) ဌာန
စေတီတော်များမှာ -
*****************
- ရွှေတန်ဆာ ဘုရား(ဗုဒ္ဓအောင်မြေ)
- ဇိနမာန်အောင်ဘုရား (ဓမ္မအောင်မြေ)
- ရွှေသိမ်တော်ဘုရား(သံဃအောင်မြေ)
- ပခန်းဒုံးဘုရား(ဣန္ဒအောင်မြေ)
- အပြင်ရွှေပေါ်ကျွန်းဘုရား
(သိဒ္ဓိအောင်မြေ)
- မြတ်စောညီနောင်ဘုရား
(ရာဇအောင်မြေ)
- နန်းတော်- နန်းတွင်း- နန်းဦးဘုရား
(ဘိသေကအောင်မြေ)
- အောင်မြေဘုရား (စစ်အောင်မြေ)
- မြို့ထောင့်စေတီဘုရား
(ရန်အောင်မြေ)
မှတ်ချက်။ လက်လမ်းမှီသမျှတင်ပြခြင်းဖြစ်ပါသည်။

Comments